Wednesday, May 13, 2009

အုကံကုန် သန်းရေရြေကူး

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အမေရိကန် နိင်ငံသားတဦးဝင်ရောက်ခြင်း

နအဖ ခွေးရူးများရည်ရွယ်ချက်

1. တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနှုင့် ဒေါ်အောင်ဆန်းစုကြည်လည်းထောင်ကျ အမေရိကန်တွေလည်း မြန်မာတွေကြားမှာ Images ပျက်စေရန်။

2. မြန်မာ့နိင်ငံရေးအဖွဲ့အစည်းများ နိုင်ငံတကာအစိုးရများ အနေနူင့်လည်းဒေါ်စုအရေးတွက်ဗျာများရအောင်
အထူးသဖြင့် ၂၀၁၀
ရွေးကောက်ပွဲကိုအာရုံပြောင်းစေရန်။

3. လက်ရှိ ၀၁၀ ရွေးကောက်ပွဲ အတွက် အဓိကအဟန်အတားဖြစ်နေသည့် လက်နက်ကိုင်ူငိမ်းအဖွဲ့များနူင့်ဆွှေးနွှေးမူအဆင်မပြေလျှင်
(က) ဖွဲ့စည်းပုံပြင်မှာလား ( မူဖစ်
နိုင် ) နအဖ ကဘယ်တော့မှလုပ်ချင်မှာမဟုတ်။
(ခ) ရွှေ့ဆိုင်းမှာလား ( ရွှေ့ဆိုင်းမယ်ဆိုရင် နအဖ အနေနုင့် ဖွဲ့စည်းပုံကြောင့်မဟုတ်ပဲ တခြားအကြောင်း တစ်ခုပြ ဖို့လိုမှာဘဲ။ ဖွဲ့စည်းပုံကြောင့်သာဆို ရင် ၉၇% ကမြောင်းထဲရောက်ပြီ။)
နအဖ အတွက်ရွှေးစရာက နိုင်ငံတော်ဆူပူမူပဲ ရိုတော့တယ်။ ဒီတော့ဆူပူမူဖြစ်စေမဲ့ ဟာလေးတွေအခုတည်း ကဖန်တီးပေးထားဖို့လိုမှာဘဲ။

4.ရွေးကောက်ပွဲကာလအတွင်း ဘယ်နည်းနှင့်မျှ ဒေါ်စုအပြင်မှာရှိနေလို့မရပါ၊ (သူတို့ ထောက်ခံပေးထားသော အမတ်လောင်း များ ခေါင်းဆောင်ရသွား နိုင်သည်၊ ကိုယ်လူတွေ ကိုလည်း သိပ်မယုံရဲ၊ ၈၈ တုန်းကမှော်ဘီမှာ ခံရတာမမေ့နိုင်သေး။)

အပေါ်ကဖမ်းလို့ရပြီးရောအမိန့်ကြောင့်လုပ်ရတာမို့ လား ပေါင်းများစွာနှင့် ကလေးကလားဆန်ဆန်ဖြစ်ခဲ့တာကိုဒီအချက်တွေကြည့်ရင်သိသာပါတယ်။

1. ဒေါ်စုလွတ်ခါနီးမှဒီလူက၀င်လာရသလား။ အဆက်အသွယ်သာလုပ်မယ်ဆိုရင် ဘာဖြစ်လို့ ရက် ၂၀ လောက်ကို မစောင့်နိုင်ရအောင် တုံးမှာလား။

2. အ၀င်တုန်းကမသိ ဘဲအထွက်မှမိရသလား။ (ဒေါ်စုအိမ်ဝန်းကျင်မှာလုံခြုံရေးတွေဘယ်လောက်များတယ်ဆိုတာအားလုံးအသိပါ )

3. နိုင်ငံတော်တားမြစ်ဧရိယာထဲ မှာနိုင်ငံခြားသားတစ်ယောက် ၂ ရက်တောင်နေသွားတာ မသိရ အောင်တာဝန်ပေါ့ တဲ့ လုံခြုံရေး တွေကို ရာထူးတိုးပေးတဲ့ သတင်းတွေလဲမကြားရပါလား။

4. မိမိအိမ်ထဲကိုရန်ရှာဖို့မဟုတ်ဘဲ တစ်ညလုံးရေကူးလာတဲ့ (သူ့မှာဆီးချိုရောဂါရှိတယ်) လူတစ်ယောက်ကို ဖမ်ုးကပါ လို့ အော် နေတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အပြုအမူကို လူကျင့်ဝတ်အရ ၊ လူသားချင်းစာနာထောက်ထားမူအရ စဉ်းစာုးကည့်ုကပါ။ (နအဖ မပါ ၊ သူတို့နားလည်မှာလည်းမဟုတ်ပါဘူး။ )

5. ၀င်လာတဲ့ လူက အမေရိကန်လူမျိုး စစ်ပြန် ဖြစ်နေခြင်း။

6. ဦးဝင်းတင်ပြောသွားသလိုပါဘဲ၊ ဒီလူအရင်ကလည်းဒေါ်စုအိမ်ဝင်ဖူးတယ်ဆိုရင် သူမြန်မာပြည်ထဲဝင်ဖို့ Visa ရတာမေးစရာဘဲ။

7.သူ့ဟာသူစိတ်ရူးပေါက်ပြီးဝင်လာတာဆိုရင်ဒါဟာဘာမှာကြီးကျယ်တဲ့ဟာမဟုတ်ဘူး။ ၀င်လာတဲ့သူကိုထောင်ချပေါ့။ သူဟာ CIA ကလူပါ သူဟာရည်ရွယ်ချက်ရှိရှိ ဒေါ်စုကြည်ကဖိတ်ခေါ်လို့ဝင်တာပါလို့သက်သေပြနိုင်ရင်တစ်မျိုးပေါ့ ။ ဥပဒေအရုကည့်မယ်ဆိုရင် အပြင်ကလူတွေကသူ့အိမ်ထဲကိုဝင်ခွင့်မရှိသလို ဒေါ်စုကလည်းအပြင်ကလူကိုဖိတ်ခေါ်တွေ့ဆုံခြင်းမပြုရပါဘူး။
အခုဟာက သူ့ဟာသူဝင်လာတာတွေ့သွားလို့ ဒေါ်စုကို ဖမ်းမယ်ဆိုရင်သူခိုးကို အိမ်ရှင်ကတွေ့သွားမှာကို အိမ်ရှင်ကပြန်ကြောက်နေရသလိုဖြစ်နေပြီ။

ဒီကျိုးဆက်တွေဖြစ်လာနိုင်တယ်

1. ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း စီရင်ချက်မချသေးဘဲ လိုအပ်တဲ့အချိန် ( အချက် 3 - ဆူပူမှုလိုအပ်ချိန်)
မှကောက်ကာငင်ကာစီရင်ချက်ချနိုင်တယ်။ ပြည်သူတွေမဆူတောင် စွမ်းအားရှင်တွေနှင့် လူလုံးပြပြီး
တိုင်းပြည်ချောက်ထဲကျဖို့လက်တစ်လုံးအလိုတို့ဘာတို့လုပ်ပြီးရွှေးကောက်ပွဲကိုရွှေ့နိုင်တယ်။ သူတိုကလည်းဒီအတွက်ပြင်ဆင်ထား မှာဘဲ။ ဒီအပေါ်မှာအစိုးရဆန့်ကျင်ရေးလှူပ်ရှားသူအဖွဲ့အစည်းတွေနှင့်တော့တစ်ပွဲတစ်လမ်းဘဲ ။

2. အမေရိကန်ကလည်း ဒါဟာ အမှားမခံနိုင်တဲ့ ဟာမို့ဒီအတိုင်းငြိမ်နေမှာမဟုတ်ပါဘူး။
ဘယ်အတိုင်းအတာထိလုပ်သလဲကတော့ စောင့်ုကည့်ရမှာဖြစ်ပါတယ်။ တိတိကျကျ စုံစမ်းရင်တော့ နအဖ ထက်ကောင်းတဲ့ Result တော့ ထွက်လာမှာဘဲ။

3. ဒါဟာလက်နက်ကိုင်ငြိမ်းအဖွဲ့များကို ပြတ်ပြတ်သားသားလုပ်ဖို့အတွက်ပြည်တွင်းကို အရင်ရှင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။


4. အမေရိကန်တွေမြန်မာတွေကြားမှာ Images ပျက်စေရန်ရည်ရွယ်ချက်ကလည်းမအောင်အခုခေတ်မှာအောင်မြင်ဖို့နည်းသွားပါပြီ။ ဘာေုကာင့်လည်းဆိုတော့လူတော်တော်များများကလူမျိုးရေးတွေမေ့ပြီး စစ်အာဏာရှင်ဆန့်ကျင်သူမှန်သမျှတို့မိတ်ဆွေလို့သတ်မှတ်နေချိန်ဖြစ်တယ်။ ဥပမာ အခုလတ်တလောစစ်ပွဲမှာ KNU တိုက်လို့ကျသွားတဲ့ ဗိုလ်မှူးချုပ်ကောင်းမြတ်သတင်ုးကားတော့ဗမာလူမျိုးတွေဝမ်းသာုကတယ်။ တကယ်တမ်းဆိုရင်ကရင်တွေသတ်လို့ဒိှု့ဗမာတစ်ယောက်သေသွားတယ်လို့ဖြစ်ရမှာ။ ဒါဟာသူတို့ရင်ထဲမှာ်စစ်အာဏာရှင်တွေနှင့်ပတ်သတ်ပြီးဘာတွေခံစားနေဆိုတာသိနိုင်ပါတယ်။

5. နအဖ အနေနှင့် နိုင်ငံရေး Step တစ်ခုမြင့်လိုက်တာဖြစ်ပြီး၊ သူတို့ရဲ့ထိပ်တိုက်တွေ့ဆုံးရေး နှင့်အလုံးစုံပျက်သုဉ်းရေးမူဝါဒကိုအကောင်အထည်ဖေါ်လိုက်ခြင်းသာဖြစ် ပါတော့သည်။

No comments: